PlayStation5 နှင့် Xbox Series X တို့ အကြောင်းကို နှိုင်းယှဉ်ချက်

- DevOps တွင် Public Key Infrastructure (PKI) အသုံးပြုနည်း နှင့် အလိုအလျောက်(Automate) လုပ်နည်း
- ကွန်ပျူတာသုံးသူများအတွက် မျက်လုံးကာကွယ်နည်းများ
- OnePlus ကင်မရာများအဆင့်မြင့်ထုတ်လုပ်ရန် Leica နှင့်အတူလက်တွဲလုပ်ကိုင်
- နိုင်ငံတကာရုံတင်ပြီး Box office အခြေအနေသိပ်မကောင်းတဲ့ Wonder Woman 1984
- ကယ်လီဖိုးနီးယားရှိ Apple Store ဆိုင် ၅၃ ဆိုင်နှင့် လန်ဒန်ရှိ Apple ဆိုင်များခေတ္တပိတ်သိမ်း
ယခု ဆောင်းပါးတွင် ကျွန်တော် ပြောပြချင်သော အကြောင်းအရာမှာ Console Gaming လောကကို လွှမ်းမိုးထားသော Company ကြီး နှစ်ခုဖြစ်သည်။ Sony မှ ထွက်ရှိမည့် PlayStation5 နှင့် Microsoft Company မှ ထွက်ရှိမည့် Xbox Series X တို့ အကြောင်းကို နှိုင်းယှဉ်၍ ရေးသားသွားမည် ဖြစ်ပါသည်။

Design
Xbox series X ဟာ black color ကုဗတုံး ပုံစံရှိပြီး သူ၏ အလျား x အနံ x အမြင့်မှာ 15.1cm x 15.1cm x 30.1 cm ဖြစ်သည်။ သူ၏ အလေးချိန်မှာ 4.45kg / 9.8lbs သာရှိသည်။ သူတွင် HDMI 2.1 port ပါဝင်ပြီး USB 3.2 port 3 port ပါဝင်သည်။ သူတွင် Memory Storage ထက်စိုက်နိုင်သော expanded storage slot လဲ ပါဝင်ပါသေးသည်။
Playstation 5 သည် white, black, blue အရောင် သုံးရောင်ကို အသုံးပြုထားကာ အောက်ခြေပိုင်းတွင် အဝိုင်းပုံစံ အသုံးပြုထားသည်။ အပေါ်သို့ လေးထောင့် ပုံစံ ကွေး၍ တက်သွားသည်။ PS5 တွင် USB port နှင့် USB-C port ဟူ၍ နှစ်ပေါက် ပါဝင်သည်။ သူတွင်လည်းXbox series X နည်းတူ expandable slot ပါဝင်သည်။ Design ပိုင်းတွင် PS5 သည် console ၏ အနာဂတ်ဟု ဆိုနိုင်အောင်ပင် လှပစွာ ဖန်တီးထားသည်။
Specification and Performance
Specificationကို ကြည့်မည်ဆိုလျှင် PS5 နှင့် Xbox X နှစ်ခုလုံးတွင် 8core AMD Zen2 အား အသုံးပြုထားသည်။ Xbox X သည် Core တစ်ခုခြင်းစီသည် 3.8MHz အထိ မြန်နှုန်း ရှိပြီး PS5 သည် 3.5 MHz အမြန်နှုန်းသာ ရှိသည်။ PS5 နှင့် Xbox X နှစ်ခုလုံးသည် RAM ကို 16GB GDDR6 အား အသုံးပြုထားပြီး Resolution ကို 8K 120 fps ထိ ရရှိနိုင်စေရန် target ထားထားကြသည်။ optical disc drive အားလည်း 4K UHD Blu-ray အား အသုံးပြုထား ကြသည်။ GPU တွင် XBox X သည် 12.0 teraflop AMD RDNA ကို အသုံးပြုပြီး PS5 သည် 10.3 teraflop AMD RDNA သာ အသုံးပြုထားသည်။ teraflop တစ်ခုသည် 1 sec တွင် operation 10 ခုမှ 12ခုထိ အလုပ်လုပ်နိုင်သည်။ 1.7 teraflop ကွာခြားချက်သည် graphic operation တွင် အတော်အတန် သိသာသည်။ ထိုပြင်သာမက PS5တွင် storage ကို 825 GB SSD သာပါရှိပြီး Xbox X တွင် 1TB SSD အထိပါရှိသည်။
Specification တွင် Xbox X သည် PS5 ထက် သာလွန်သောလည်း Performance တွင် သာလွန်နိုင်မည်မှာ မသေချာပေ။ အဘယ်ကြောင့်ဆိုသော specificationနှစ်ခုအား နှိုင်းယှဉ်ရာတွင် ကွာခြားမှု သိပ်အများကြီးမရှိချေ။ ထိုသာမက Game များသည် console ၏ ပေးနိုင်သော performance ကို အစွန်းဆုံထိ အသုံးပြုနိုင်ရန် လိုအပ်သေးသည်။ PS5 ၏ ပေါက်ဈေးသည် 500 USD ဝန်းကျင်ဟု ခန့်မှန်းမှုများ ရှိနေသောလည်း X box Series X အတွက် ခန့်မှန်းမှုများ မရှိလာသေးပါ။ သို့သော် Microsoft Company မှ တာဝန်ရှိသူ XBox Series X development cheif Jason Ronald သည် XBox Series X သည် PS5 ထက် price, performance, quality တစ်ခုမှ ယှဉ်ပြိုင် ရှံးနှိမ့်စရာ မရှိဟု ဖြေကြားထားသည့်အတွက် ပေါက်ဈေးမှာ PS5 နှင့် မတိမ်းမယိန်း ဟု ခန့်မှန်းသိရှိနိုင်သည်။ကျွန်ုပ်တို့အား Mitelar Facebook Page နှင့် Mitelar Website တို့တွင်၀င် အသေးစိတ် ဝင်ရောက်လေ့လာကြည့်ရူ့ နိုင်ပါသည်။
Leave A Comment