What is .Net Core?

- DevOps တွင် Public Key Infrastructure (PKI) အသုံးပြုနည်း နှင့် အလိုအလျောက်(Automate) လုပ်နည်း
- ကွန်ပျူတာသုံးသူများအတွက် မျက်လုံးကာကွယ်နည်းများ
- OnePlus ကင်မရာများအဆင့်မြင့်ထုတ်လုပ်ရန် Leica နှင့်အတူလက်တွဲလုပ်ကိုင်
- နိုင်ငံတကာရုံတင်ပြီး Box office အခြေအနေသိပ်မကောင်းတဲ့ Wonder Woman 1984
- ကယ်လီဖိုးနီးယားရှိ Apple Store ဆိုင် ၅၃ ဆိုင်နှင့် လန်ဒန်ရှိ Apple ဆိုင်များခေတ္တပိတ်သိမ်း
.Net ဆိုတာ အရင်တုန်း ကတော့ Windows ပေါ် မှာပဲ အလုပ်လုပ်နိုင်တဲ့ Programming Language အနေနဲ့ လူတွေ နားလည် ထားခဲ့ကြပေမယ့် Microsoft က .Net Core ကို release လုပ်လိုက်တဲ့ အချိန်က စပြီး အဲ့ဒီ နားလည်မှု ကို မလို အပ်တော့ပါဘူး။ ဘာလို့လည်း ဆိုတော့ .Net ကို Cross Platform အသုံးပြုလာနိုင်လို့ ပဲ ဖြစ်ပါတယ်။ Cross Platform အသုံးပြုနိုင် တယ် ဆိုတာက မည်သည့် Operating System မှာ မဆို အလုပ်လုပ် နိုင်တာကို ပြောတာပါ။ တစ်နည်းအားဖြင့်တော့ .Net Core Framework က .Net Framework ရဲ့ ပိုပြီး ပြည့်စုံတဲ့ version တစ်ခုလို့ ပဲ ဆိုကြပါစို့၊ အဲ့လို ပိုပြီး ပြည့်စုံတဲ့ .Net Core ရဲ့ ထူးခြားတဲ့ လက္ခဏာ တွေကတော့
Cross platform အလုပ်လုပ်နိုင်ခြင်း
Windows, Mac OS နှင့် Linux တွေ အပေါ် run နိုင်ခြင်း။
Open Source ဖြစ်ခြင်း
.Net Core Framework က Open Source ဖြစ်တဲ့ အတွက် .Net Core projects တွေကို ဖန်တီးမှု တွေကို အလွယ်တကူ လေ့လာနိုင်သလို၊ အဲ့ဒီ အတွက်လည်း GitHub မှာ .Net Core Repositories တွေကို Hosting လုပ်ထားပါတယ်။ .Net Core က .Net Foundation project ပဲ ဖြစ်တယ်။
Flexible Deployment လုပ်နိုင်ခြင်း
Project တစ်ခုကို deployment လုပ်တဲ့ အခါမှာ သီးသန့် install လုပ်ထားတဲ့ .Net Core Framework ပေါ် မှာ မှီခိုပြီး အလုပ်လုပ်လို့ ရသလို၊ မမှီခို ပဲ project နဲ့ အတူ .Net Core Framework ကိုပါ တခါတည်း ထည့်သွင်း ပြီးတော့ အလုပ်လုပ်လို့ ရ ခြင်း။
Modular ဖြစ်ခြင်း
Project တစ်ခု အတွက် Assembly Package တွေကို အကုန်လုံး ထည့်သွင်း စရာမလိုပဲ လိုအပ်တဲ့ assembly package တွေကို ပဲ ထည့်ထားကာ အလုပ်လုပ်နိုင်ခြင်း။
Multiple Programming Languages နှင့် ရေးသားနိုင်ခြင်း
Multiple Programming Languages (C#, Visual Basic and F#) ကို Support ပေးထားခြင်း။
Cloud Ready ဖြစ်ခြင်း
Cloud ကို အခြေခံတဲ့ Internet Application တွေကို အဆင်သင့် ဖန်တီးနိုင်ခြင်း။
Command-line tools တွေပါဝင်ခြင်း
Continuous integration နဲ့ Local development အတွက် လိုတဲ့ အလွယ်တကူ အသုံး ပြုနိုင်တဲ့ command-line tools တွေ ပါဝင်ခြင်း။
Consistent across environments ဖြစ်ခြင်း
မိမိ ရဲ့ code ကို တူညီတဲ့ behavior နဲ့ ပဲ x64, x86 နဲ့ ARM အပါအဝင် multiple OS နဲ့ architectures တွေပေါ် run နိုင်ခြင်း။
Performance
Hardware intrinsics, tiered compilation နဲ့ Span <T> လို features တွေပါတဲ့ high performance ကို ပေးနိုင်ခြင်းတို့ ပါဝင်ပါတယ်။
Leave A Comment